Track တွေကို စိတ်ကြိုက်လိုသလို တောင်းနိုင်ခြင်း၊ Plug-in Software များ ပေါများ စွာ ရရှိခြင်းတို့က Premiere ကို ပြိုင်ဘက်မရှိ ဖြစ်သွားစေပါတယ်။ သူ့ကို ယှဉ်နိုင်တာ Pinnacle ရှိပေမယ့် အမှန်တကယ်မှာတော့ အဆပေါင်းများစွာ ကွာဟပါတယ်။ Pinnacle မှာ လုပ်လို့ရတာ တွေအားလုံးကို Premiere မှာ လုပ်လို့ရပေမယ့် Premiere မှာ လုပ်လို့ရသမျှကိုတော့ Pinnacle မှာ လုပ်လို့မရပါဘူး။ Pinnacle Hollywood FX ဟာ Premiere မှာ Plug-in အနေနဲ့ ချိတ်ဆက်လို့ရတဲ့အတွက် Premiere သမားက Pinnacle ကို မစိမ်းပါဘူး။

               Video FX, Hollywood FX, Adorage FX ရှိနေရင် Transition အတွက် လုံ​​​​လောက်ပြီးလို့ ပြောလို့ရပါတယ်။ Boris FX ကလည်း တော်တော်များများ စွမ်းဆောင်နိုင်တာကို တွေ့ရပါတယ်။                Export အနေနဲ့ Procoder နဲ့ ချိတ်ဆက်နိုင်တာမို့ ကြိုက်တဲ့ Format ပုံစံနဲ့ ခွေထုတ်လို့ ရပါတယ်။            Premiere ကိုတော့ သေသေချာချာ ရေရေရာရာလေး အရာထင်အောင် လုပ်စေချင်ပါ တယ်။ Home အဆင့်မဟုတ်ဘဲ Professional အဆင့် ဖြစ်တာကြောင့် လုံ့လဝါယမ ကြီးမားစွာ ထားပြီး လေ့လာလိုက်စားပါလို့ပဲ စေတနာများစွာဖြင့် တိုက်တွန်းလိုက်ပါရစေ။

🎦 36 Lessons  🕒 04:54:00 Hours  💲30,000 ပညာဒါန(Free)  📶Beginner Level  📝မြန်မာ

Rating: ⭐⭐⭐⭐