နာမည်အရှည်က Active Directory Domain Controller ဖြစ်ပါတယ်။ Network ချိတ်ဆက်မှုမှာ အခြေခံအားဖြင့် Workgroup Network နဲ့ Domain Network ဆိုပြီး (၂) မျိုး ရှိပါတယ်။ ချိတ်ဆက်မှု ရရင်ပြီးရော လုံခြုံရေး Security ဗဟို ထိန်းချုပ်မှု Centralization မလိုအပ်တဲ့ Network လိုမျိုး ဥပမာ Net Game ဆိုင်၊ ကွန်ပျူတာအလုံးရေ အနည်းငယ်သာ ပါဝင်တဲ့ အိမ်တွင်းသုံး Home Network တွေမှာ Workgroup စနစ်ကို အသုံးပြုကြပါတယ်။ Workgroup Network စနစ်ဟာ ကွန်ပျူတာ အလုံးရေ (၂၀) ထိပဲ ကောင်းပါတယ်။ Theory အရတော့ (၁၀) လုံးပေါ့။

Domain Networking စနစ်ကို သုံးမယ်ဆိုရင် Server OS တစ်ခုခုကို အသုံးပြုကြ ရပါတယ်။ ဒီစာအုပ်နဲ့ခွေမှာ Microsoft Windows Server 2003 ကို အသုံးပြု သင်ကြားပေးထားပါတယ်။ အဲဒီအတွက် Server 2003 မှာ Active Directory (Domain Controller) Service ကို Install လုပ်ပေးရပါမည်။ IP Address ပေး၊ Domain နာမည်ပေး၊ ADDC Service Install, User Management, Computer Management, Backup စတာတွေကို အခြေခံကနေစပြီး လေ့လာရပါမည်။

🎦 49 Lessons  🕒 02:41:03 Hours  💲30,000 5000 Ks  📶Beginner Level  📝မြန်မာ

Rating: ⭐⭐⭐⭐