အင်တာနက်ခေတ်မှာ ဖော်ပြနေတဲ့ Website အားလုံးဟာ DNS System ပေါ်မှာ အခြေခံပြီး ပြုလုပ်နေတာပါ။ DNS ရဲ့ အရှည်က Domain Name System လို့ ခေါ်ပါတယ်။ လူတစ်ယောက်ချင်းစီမှာ နာမည်တစ်ခု ကိုယ်စီ ရှိသလို ကွန်ပျူတာ တစ်လုံးစီမှာလည်း သူတို့ကို လာရောက် ဆက်သွယ်လို့ရတဲ့ လိပ်စာ တစ်ခု ရှိပါတယ်။ ဒါကို IP Address လို့ ခေါ်ပါတယ်။ ဥပမာ www.waiphyoaung.com ဖိုဒါရှိတဲ့ ကွန်ပျူတာကို 192.168.1.1 လို့ ပေးထားရင် ဒီနံပါတ်ကို ရိုက်ထည့်ရင် အဲဒီ ဖိုဒါထဲက Web File တွေ အလုပ်လုပ်မှာပါ။

ဘာသာစကားအနေနဲ့ စက်တွေ ကွန်ပျူတာတွေက Machine Language တွေ ဖြစ်တဲ့ 0 နဲ့ 1 ဘာသာစကားကို အသုံးပြုပြီး လူတွေကတော့ အရောင်တွေ၊ နာမည်တွေ၊ စာသားတွေ၊ ဓာတ်ပုံ ဗွီဒီယို မီဒီယာဖိုင်တွေ နားလည်အသုံးပြု ကြပါတယ်။ ဂဏန်းနံပါတ်တွေ အများကြီးကို လူတွေ အလွယ်တကူ မမှတ်မိနိုင်ပါဘူး။ IP Address ကဲ့သို့သော ဂဏန်းအများကြီးထက် www.aitcomputermm.com က ပိုမှတ်မိပါတယ်။ အဲဒီအတွက် အဆင်ပြေအောင် DNS Server ကို အသုံးပြုကြရပါတယ်။ IP Address ဂဏန်းတွေကို လူတွေ နားလည်တဲ့ နာမည် Web Server တွေ ပြောင်းနိုင်အောင် အပြန်အလှန်အားဖြင့် Name တွေကို IP Address ပြောင်း၊ IP Address ကို Name ပြောင်း စတဲ့ အလုပ်တွေကို DNS Service က လုပ်ပေးပါတယ်။

🎦 25 Lessons  🕒 01:08:26 Hours  💲30,000 5000 Ks  📶Beginner Level  📝မြန်မာ

Rating: ⭐⭐⭐⭐