Network ဆရာတစ်ယောက်က ချိတ်ဆက်ထားတဲ့ ကွန်ပျူတာတွေ အချင်းချင်း အပြန်အလှန် ချိတ်ဆက်လို့ရအောင် Reply ပြန်အောင် စက်တိုင်းကို IP Address ပေးရပါတယ်။ (၁၀) လုံး (၁၅) လုံး လောက်ဆိုရင်တော့ Manual လိုက်ပေးရလည်း ကိစ္စမရှိပါဘူး။ ကွန်ပျူတာ အလုံးတွေ ရာချီ ထောင်ချီ များလာရင်တော့ Automatic IP Address ချပေးဖို့ လိုအပ်လာပါတယ်။ Networking မှာ ဒီအလုပ်ကို DHCP Server က ပြုလုပ်ပေးပါတယ်။ DHCP ရဲ့အရှည်က Dynamic Host Configuration Protocol ဖြစ်ပါတယ်။

Server OS အားလုံးမှာ DHCP Service ပေးနိုင်တဲ့ System တွေ ပါဝင်ပါတယ်။ DHCP ပေးပုံက Scope Name သက်မှတ်မယ်။ Scope IP အစနဲ့ Scope IP အဆုံး သက်မှတ်မယ်။ Subnet Mask သက်မှတ်မယ်။ ပြီးရင် အသုံးပြုမည့် Scope ကို Activate ပြုလုပ်မယ် စတဲ့ လုပ်ဆောင်ပုံ အဆင့်ဆင့်ကို အခြေခံမှ စ၍ ဒီစာအုပ်နဲ့ခွေမှာ သင်ကြားပေးထားပါတယ်။ Microsoft Window Server 2003 ပေါ်ကနေ အသုံးပြု သင်ကြားပေးထားတာ ဖြစ်ပါတယ်။

🎦 29 Lessons  🕒 01:39:38 Hours  💲30,000 5000 Ks  📶Beginner Level  📝မြန်မာ

Rating: ⭐⭐⭐⭐