Business Intelligence အတန်းရဲ့ နိဒါန်းအနေနဲ့ Business Intelligenceအကြောင်း ခြုံငုံတင်ပြချင်တာလေး ပြောပါမယ်။ ဒီအတန်းက Business Intelligenceရဲ့ အခြေခံ သိထားရမှာလေးတွေနဲ့ စပါတယ်။ Business Intelligenceနဲ့ပတ်သတ်တဲ့ အဓိက ကဏ္ဍတွေ၊ လုပ်ငန်းစဥ်တွေကို မပြောခင်မှာ data science နဲ့ ဘယ်လို ကွာခြားသလဲဆိုတာမျိုးတွေ အရင် ရှင်းပြပါမယ်။ Business Intelligenceသမားတွေရဲ့ အခန်းကဏ္ဍတခုဆီကို အသေးစိတ်ရှင်းပြမှာ ဖြစ်ပြီးတော့ သူတို့ တဦးစီမှာ ဘာ ကျွမ်းကျင်မှုတွေ မရှိမဖြစ်လိုအပ်သလဲဆိုတာလည်း လေ့လာသူတွေ သိရှိနိုင်ပါမယ်။ ဒီလို တဆင့်ဆီ လေ့လာရင်း လုပ်ငန်းတွေအတွက် ထိရောက်တဲ့ စွမ်းဆောင်မှုနဲ့ အသိအမြင်တွေကို သိမြင်နိုင်ဖို့ ဒီ Business Intelligenceနဲ့ ပတ်သတ်တဲ့ ဇာတ်လိုက်တဦးစီဟာ အတူတွဲစပ်ပြီး ဘယ်လိုတွေ အလုပ်လုပ်ရသလဲဆိုတာ နားလည်လာမှာ ဖြစ်သလို BI tool တွေ ဘာတွေ သုံးကြသလဲ၊ ဒီအရာတွေက မိမိတို့ လုပ်ငန်းစုတွေကို ဘယ်လို အမြစ်လှန်ပြောင်းပစ်သလို ထိရောက် အောင်မြင်စေသလဲ ဆိုတာတွေကို မြင်လာပါလိမ့်မယ်။
ဒီအတန်းမှာ လုပ်ငန်းအသီးသီးအတွက် အရေးပါတဲ့ ဆုံးဖြတ်ချက် ချမှတ်သူတွေထံ အဓိက သတင်းစကားတွေ ပါးနိုင်အောင် business intelligence မှာ အသုံးပြုလေ့ရှိတဲ့ ပုံပြကားချပ် အမျိုးအစားတွေ အကြောင်းလည်း ပါဝင်မှာ ဖြစ်သလို သူတို့ကို ဖော်ပြတဲ့အခါ အလေးထားရမယ့် ဒီဇိုင်းနဲ့ပတ်သတ်တဲ့ အကောင်းဆုံး အသုံးချမှုတွေကိုလည်း လေ့လာနိုင်ပါမယ်။ နောက်ဆုံးပိုင်းမှာတော့ ဒေတာ အမျိုးအစား အသီးသီး၊ဒေတာရဲ့ တည်ဆောက်ပုံ၊ business intelligence ပိုင်းမှာ အသုံးများတဲ့ ဖိုင်အမျိုးအစားတွေ အကြောင်း ကျွန်တော်တို့ ပြောကြည့်ပါမယ်။
Fundamentals
of Business Intelligence အတန်း၏
လေ့လာရေး ရည်မှန်းချက်များ ဒီအတန်းကို
လေ့လာပြီးတဲ့အခါမှာ သင့်အနေနဲ့ -
BIရဲ့ အခြေခံ
တိုင်းတာချက်တွေနဲ့ လုပ်ဆောင်ပုံတွေကို ရှင်းပြတတ်လာမယ်။
ဒီအတန်းကို ဘယ်သူတွေ တက်သင့်သလဲ BI မိတ်ဆက်အတန်းဟာ ဒေတာနဲ့ အလုပ်လုပ်နေသူ ဖြစ်ပြီး business intelligence အကြောင်းကို ပိုပြီး
လေ့လာသိရှိလိုတဲ့ ဘယ်ပရော်ဖက်ရှင်နယ်သမားတွေအတွက်မဆို သင့်လျော်ပါတယ်။ ဒီအတန်းမှာ BI နယ်ပယ်ထဲက
အဓိက core concept
တွေကို ပြောသွားမှာ ဖြစ်ပြီး အဆင့်မြင့် business intelligence ခေါင်းစဥ်တွေအတွက် လှေကားထစ်တခုဆိုလည်း မှန်ပါတယ်။ Business
Intelligence and Data Analytics programထဲက
အခြေခံထဲပါဝင်တဲ့ ဒီအတန်းဟာ Asset Management, Data Analyst, Quantitative Analyst နဲ့ Finance နယ်ပယ်ထဲက လူတွေအတွက်လည်း သက်ဆိုင်တဲ့ ခေါင်းစဥ်တွေလည်း
ပါဝင်ပါတယ်။
Fundamentals of Business Intelligence is a prep course of MOU's BIDA™ program
Introduction to Business Intelligence အတန်းစာ MOU(Myanmar Online University)ရဲ့ နောက်ပိုင်းမှာ ထုတ်လုပ်မယ့် Business Intelligence & Data Analyst (BIDA) ပရိုဂရမ်ရဲ့ အစိတ်အပိုင်းတခုလည်း ဖြစ်ပါတယ်။ ဒီ ပရိုဂရမ်မှာတော့ business intelligence နဲ့ data analysis ကို ခြုံငုံမိစေအောင် အခြေခံ၊ကြားအဆင့်နဲ့ အဆင့်မြင့် ခေါင်းစဥ်များစွာကို ထည့်သွင်းထားပါတယ်။ တက်ရောက်တဲ့ ကျောင်းသူကျောင်းသားတွေဟာ case study တွေ အများကြီးဖတ်ရှုလေ့လာပြီး sample data ပေါ် အခြေခံကာ လက်တွေ့လုပ်ဆောင် တွက်ချက်တာတွေလုပ်ပြီးမှ ကျွမ်းကျင်မှု၊ယုံကြည်မှုတွေရှိလာအောင် ပြင်ဆင်ပေးသွားမှာပါ။ ဒီပရိုဂရမ်မှာ ငွေကြေးနဲ့ အရင်း စျေးကွက်တွေမှာ သုံးတဲ့ quantitative method တွေကိုလည်း သင်ပေးသွားမှာ ဖြစ်တယ်။ ရှုပ်ထွေးများပြားတဲ့ ဒေတာတွေကို ဘယ်လို စိစစ်ခွဲခြမ်းရသလဲဆိုတာကို လေ့လာချင်တဲ့ ကျောင်းသားများအတွက်တော့ အထူးသင့်တော်ပါတယ်။ပရိုဂရမ်တခုလုံးက လုံးဝ အွန်လိုင်းကနေပဲ လေ့လာနိုင်တာဖြစ်လို့ ကမ္ဘာ့ရဲ့ ဘယ်နေရာကမဆို၊ မိမိလေ့လာလိုတဲ့ အချိန်၊စတိုင်၊နှုန်းတွေနဲ့ သက်တောင့်သက်သာ လေ့လာနိုင်မှာလည်း ဖြစ်ပါတယ်။

- Teacher: Ko Andrew