PageMaker ဟာ စာစီစာရိုက်လောကမှာ ဘုရင်တစ်ဆူကဲ့သို့ မင်းမူးနေတာ ခုချိန်ထိ ပါပဲ။ စာစီစာရိုက်ဆိုင်ကဲ့သို့ ပုံစံအမျိုးမျိုးနဲ့စာရိုက်ရတဲ့အခါ PageMaker က မပါမဖြစ် မသုံးမဖြစ် ဖြစ်နေပါတယ်။ PageMaker ကျွမ်းကျင်သွားရင်  စာစီစာရိုက်ဆိုင်၊ မိတ္တူဆိုင်တွေမှာ တစ်ခါတည်း လုပ်ငန်းခွင်ဝင်ဖို့ အဆင်သင့်ဖြစ်နေမှာပါ။ ဖိတ်စာကဒ်၊ လိပ်စာကဒ်၊ လက်ကမ်းကြော်ငြာစာရွက်၊ ဘောက်ချာ၊ စာအုပ်တစ်အုပ်ကို စနစ်တကျ အစအဆုံးပြုလုပ်နည်း၊ မဂ္ဂဇင်းပြုလုပ်နည်း၊ ဂျာနယ် ပြုလုပ်နည်:၊ ဇယားရေးဆွဲနည်း စသဖြင့် စာစီစာရိုက်ဆိုင်ရာ Desktop Publication နည်းပညာများကို ဆရာစားမချန် အကုန်တင်ပြထားပါတယ်။

🎦 24 Lessons  🕒 02:17:58 Hours  💲30,000 5000 Ks  📶Beginner Level  📝မြန်မာ

Rating: ⭐⭐⭐⭐


InDesign Software ဟာ စာစီစာရိုက်လောကမှာ နာမည်ကြီးခဲ့တဲ့ PageMaker Software ရဲ့ Next Generation ဖြစ်ပါတယ်။ InDesign ဟာ PageMaker ထက် ပိုမို ပြီးပြည့်စုံတဲ့ DTP Software တစ်ခု ဖြစ်ပါတယ်။ PageMaker ရဲ့ အားနည်းချက်တွေအားလုံး ပြင်ဆင် ဖြည့်ဆည်းပေး ထားပါတယ်။ InDesign Software ကို PageMaker နဲ့ PhotoShop ပေါင်းထားတယ်လို့တောင် ပြောလို့ ရပါတယ်။ PhotoShop ရဲ့ Tool , Effect လုပ်ငန်းတွေကို InDesign ထဲမှာပဲ One Stop Service ပြုလုပ်လို့ရအောင် စီမံပေးထားပါတယ်။အသိသာဆုံး အပြောင်းအလဲတွေကတော့ ဖောင့် လုပ်ငန်းတွေ၊ Table ဆွဲရတဲ့ အပိုင်းတွေ၊ Graphic အပိုင်းတွေ၊ အရောင်ပိုင်းတွေ၊ Export ထုတ်လုပ်တဲ့ အပိုင်းတွေမှာ ပိုမိုကောင်းမွန်လာပါတယ်။ ဒီအချိန်မှာ DTP လုပ်ငန်းတိုင်း InDesign ကို အသုံးပြုသင့်နေပါပြီ။ စာအုပ်၊ မဂ္ဂဇင်း၊ ဂျာနယ်၊ လက်ကမ်းစာစောင်၊ ဖိတ်စာကဒ်၊ လိပ်စာကဒ်၊ ဘောက်ချာ စတဲ့ လုပ်ငန်း တွေအားလုံးကို လျှင်လျှင်မြန်မြန် အသုံးချနိုင်ပါတယ်။

🎦 52 Lessons  🕒 04:29:04 Hours  💲30,000 5000 Ks  📶Beginner Level  📝မြန်မာ

Rating: ⭐⭐⭐⭐