Photoshop ပညာရပ်များကို အခြေခံကနေ ဓာတ်ပုံဆိုင် ကိုယ်ပိုင်ဖွင့်နိုင်သည့်အထိ လေ့လာ သင်ယူနိုင်စေဖို့ Myanmar Online University မှာ Online Course ဖွင့်လှစ်လိုက်ပါပြီ။ Adobe PhotoShop CC 2020 ကို အခြေခံကနေ အဆင့်မြင့်ထိ မြန်မာလို Step By Step သင်ယူရပါမည်။ ဓာတ်ပုံဆိုင်တစ်ဆိုင်အတွက် မရှိမဖြစ် အသုံးပြုရမည့် နောက်ခံ Background ပုံများ၊ Photo Frame များ၊ ဖိတ်စာကဒ် လိပ်စာကဒ် ဗွီးနိုင်းဒီဇိုင်းတွေမှာ ထည့်သွင်းဖို့ ဒေတာများ၊ အလှုူ မင်္ဂလာဆောင်ဓာတ်ပုံများအတွက် အသင့်သုံး Template များ၊ ဘွဲ့ယူဓာတ်ပုံများအတွက် အသင့်သုံး Template များ၊ Certificate Template များ စသည့် တန်ဖိုးရှိ ဒေတာများကို အပြည့်စုံဆုံး ထည့်သွင်းပေးထားလို့ ပျော်ရွှင်ကျေနပ်ကြမယ်လို့ ယုံကြည်ပါတယ်။ PhotoShop အပြင် Lightroom အသုံးပြုပုံ အခြေခံကိုလည်း Unit တစ်ခုအနေနဲ့ မေတ္တာလက်ဆောင် ထည့်သွင်းပေးထားပါတယ်။
ဗွီဒီယိုဖိုင်ပေါင်း (၁၈၀) ကျော် ပါဝင်ပြီး သင်ကြားရေးဗွီဒီယိုဖိုင်မှာ အသုံးပြုထားတဲ့ ပုံများကိုလည်း Unit အလိုက် ထည့်သွင်းပေးထားလို့ သင်ခန်းစာတွေကို အလွယ်တကူ လိုက်လံ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

🎦 199 Lessons  🕒 16:09:36Hours  💲30,000 15000 Ks  📶Beginner Level  📝မြန်မာ

Rating: ⭐⭐⭐⭐



CorelDRAW ဟာ Drawing Software တစ်ခု ဖြစ်တဲ့အပြင် DTP Software တစ်ခု အနေနဲ့လည်း အသုံးချလို့ရအောင် DTP Feature တွေလည်း အကုန်ပါဝင်ပါတယ်။ Font, Paragraph, Column, Bullet, Page Number, Table စတဲ့ DTP ရဲ့ အခြေခံ Feature တွေအားလုံး ပါဝင်တဲ့အတွက် စာအုပ်၊ မဂ္ဂဇင်း၊ ဂျာနယ် စတာတွေအားလုံး ကို CorelDRAW Software ထဲမှာပဲ အပြီး အစီး လုပ်လို့ ရပါတယ်။

CorelDRAW ရဲ့ အဓိက အားသာချက်တစ်ခုက မြန်မာ Unicode Font တွေကို အပြည့် အဝ Support လုပ်ပေးခြင်းပဲ ဖြစ်ပါတယ်။ အနာဂတ်မှာ မြန်မာစာဖောင့် ရဲ့ အပြည့်အဝ ဆောင်ရွက်ချက်တွေကို Myanmar Unicode Font ကပဲ ဖြည့်စွမ်း ပေးနိုင်ပါလိမ့်မယ်။

CorelDRAW Software ဟာ Professional Drawing Software တစ်ခု ဖြစ်တာနဲ့ အညီ Drawing အတွက် လိုအပ်တဲ့ Tool တွေကိုအလုံးစုံ ထောက်ပံ့ပေးပါတယ်။ Vector Graphic တွေကိုသာမက Bitmap Graphic တွေကိုပါ ကိုင်တွယ် ဆောင်ရွက်နိုင်ပါတယ်။

တခြား နာမည်ကြီး Drawing တွေ ဖြစ်တဲ့ Adobe Illustrator, Engineering Drawing တွေကို အဓိက ရေးဆွဲတဲ့ AutoCAD Software တွေနဲ့လည်း အတူ တကွ ရေးဆွဲနိုင်ပါတယ်။

🎦 85 Lessons  🕒 05:37:24 Hours  💲30,000 5000 Ks  📶Beginner Level  📝မြန်မာ

Rating: ⭐⭐⭐⭐


PhotoShop ဘာသာရပ်ကို Adobe Company က ထုတ်လုပ်ဖြန့်ချိတဲ့ တရားဝင် Official သင်ရိုးဖြစ်တဲ့ Classroom In a Book (CIB) အတိုင်း သင်ကြားပို့ချထားပါတယ်။ ဒါကြောင့် နိုင်ငံတကာ အဆင့် Photoshop အသုံးပြုနည်း Tool များကို သင်ယူရရှိမှာ ဖြစ်ပါတယ်။

🎦 130 Lessons  🕒 09:12:27 Hours  💲20,000 15,000 Ks  📶Intermediate  📝မြန်မာ

Rating: ⭐