BIM 101 Fundamental Course for Technological University Students

အခမဲ့ လေ့လာနိုင်တဲ့ BIM သင်တန်းတခုကို နှစ်သစ်မှာ ကျောင်းသူကျောင်းသားတွေ စတင်လေ့လာနိုင်အောင် အကောင်းဆုံးကြိုးစားထားပါတယ်။ နည်းပညာတက္ကသိုလ်များမှ ကျောင်းသူကျောင်းသား အားလုံး အခမဲ့တက်ရောက်လေ့လာနိုင်ပါတယ်။ Mobile Phone, Tablet and Desktop App တွေက တဆင့် လေ့လာနိုင်မှာမို့  အားလုံးအဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်။


ဒီအတန်းပြီးရင်လည်း နောက်ထပ် ဖွင့်မယ့်အတန်းတွေ ရှိပါဦးမယ်။  

-BIM DESIGN PROCESS အတန်း

-Green Building Design အတန်း

-MULTIDISCIPLINARY COLLABORATION အတန်း

- BIM IN INTEGRATED PROJECT DELIVERY အတန်း

-EXTENDING BIM BEYOND DESIGN အတန်းတွေပါ ၂၀၂၁ ဖေဖော်၀ါ၊မတ်၊မေ၊ဇွန်၊ဇူလိုင်လတွေထဲမှာ ဆက်တိုက် သင်သွားပါမယ်။ အတန်းပုံမှန် တက်ပြီး လေ့လာတဲ့ကျောင်းသားနဲ့ Level Assessment တွေကို ဖြေဆိုအောင်မြင်သူများ တဆင့်ဆီ တက်လို့ ရပါတယ်။ အခြေခံအဆင့်ထက်မြင့်တဲ့အတန်းတွေမှာ နည်းပညာတက္ကသိုလ်အသီးသီးက ကျောင်းသူကျောင်းသားများက Regular Class Fee: 50,000ဆီအတွက် 80% off ပြီး ၁၀၀၀၀ ကျပ်ဆီနဲ့ အတန်းတိုင်းကို လေ့လာနိုင်ပါတယ်။ ဒါကလည်း အပြင်မှာ သိန်းချီပေးရတဲ့ အတန်းတွေနဲ့ စာရင် ကျွန်တော်တို့ တင်ပေးတဲ့ Data ဖိုးနဲ့ စတူဒီယိုဖိုး၊Platform စရိတ်ကာမိရုံ သင်တန်းကြေးကောက်ခံတဲ့အတွက် အားလုံးအဆင်ပြေကြမယ်လို့ ယူဆပါတယ်။ လုံးဝအဆင်မပြေတဲ့ ကျောင်းသူ၊ကျောင်းသားများ အခမဲ့ တက်ရောက်နိုင်ပါတယ်။

(မှတ်ချက်-နည်းပညာ တက္ကသိုလ်တက်ရောက်နေသော ကျောင်းသူ၊ကျောင်းသားများက ကျောင်းသားကတ်ပြားများ ပြသပြီးမှသာ တက်ရောက်လေ့လာနိုင်မှာပါ။ )


Target Audience: Architecture, Civil Discipline

Training Media: Zoom, Online Learning Platform(www.myanmaronlineuniversity.com)

Duration: 1 month

Requirements: TU Students, Basic Computer Skill, Internet Surfing Skill, Willingness to learn

Class Join Link: https://forms.gle/p6M3xBZphRrwckxbA


SolidWorks Foundation Course For Engineers

===================================

📒Mechanical Engineering မှာ နာမည်ကြီးတဲ့ Software အတော်များများ ရှိပါတယ်။ Solidworks, Catia, Inventor, NX, Rhino6, Ansys, Matlabs,AutoCAD စတဲ့ Software တွေကို လေ့လာဖို့အတွက် ပထမဆုံးအနေနဲ့ Solidworks Foundation Course ကို စတင် Launch လုပ်လိုက်ပါပြီ။

👱‍♀️သင်မယ့်သူကလည်း မြန်မာနိုင်ငံမှာ B.E(Mechanical Engineering) နဲ့ ကျောင်းဆင်းထားပြီး လက်ရှိ ယိုးဒယားနိုင်ငံမှာ Senior Mechanical Engineer အနေနဲ့ Design and Drafting ပိုင်း အလုပ်အတွေ့အကြုံကောင်းများစွာရှိတဲ့ ဆရာမ နန်းခွန်ခမ်း သင်ကြားပေးမှာမို့ တက်ဖြစ်အောင် တက်ဖို့ တိုက်တွန်းချင်ပါတယ်။