ITPEC စာမေးပွဲသည် ဂျပန်နိုင်ငံရဲ့ တရားဝင် အသိအမှတ်ပြု စာမေးပွဲဖြစ်ပြီး အဖွဲံဝင် အာရှ(၆) နိုင်ငံမှာ စံထားသက်မှတ်ထားတဲ့ Computer Science ကျွမ်းကျင်မှု Skill Certificate တစ်ခု ဖြစ်ပါသည်။ ITPEC ရဲ့ အရှည်က Information Technology Professional Examination Council ဖြစ်ပါတယ်။ IT နည်းပညာတွေကို အခြေပြုတဲ့ လူ့စွမ်းအား အရင်းအမြစ်တွေကို ဖန်တီးတည်ဆောက်ဖို့ စံချိန်စံညွှန်းတွေနဲ့ အညီ စစ်ဆေး ကျင်းပပေးတဲ့ စာမေးပွဲတစ်ခုလည်း ဖြစ်ပါတယ်။ November 15, 2005 ကနေ ကျင်းပလာတာဖြစ်လို့ အခုချိန်ထိဆိုရင် (၁၇) နှစ်တာ ကာလာ ဖြစ်လာပါပြီ။ အာရှနိုင်ငံတွေကို အခြေပြုပြီး ခုချိန်မှာဆိုရင် Philippines, Thailand, Vietnam, Myanmar, Malaysia, Mongolia, Japan နဲ့ Bangladesh ဆိုပြီး (၈) နိုင်ငံ ရှိလာပါပြီ။ IP, FE, AP ဆိုပြီး Level (၃) ခု ရှိပါတယ်။ ဒီ Course မှာတော့ အခြေခံ အကျဆုံး IP Level ဖြစ်တဲ့ ITPEC Information Technology Passport Examination (ITPEC IP Exam) အတွက် ပို့ချချက် Lecture တွေနဲ့ မေးခွန်းဟောင်းတွေကို အခန်းလိုက် စနစ်တကျ လေ့လာသင်ယူသွားရပါမည်။

- Teacher: ဝေဖြိုးအောင် (AIT Computer)